ဂီတမိတ်ဆွေများရဲ့နမ့်ဆန်-လပွတ္တာ မီးဘေးရန်ပုံငွေ
2016.02.12
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့က မီးဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့အတွက် "ဂီတမိတ်ဆွေများ" အဖွဲ့နဲ့ ၈၈ မျိုးဆက်အဖွဲ့ဝင်တွေ ပူးတွဲပြီး ရန်ကုန်မြို့ ရန်ကင်းစင်တာမှာ ဖေဖော်ဝါရီလ ၁၂ရက်နေ့က အလှူငွေ ကောက်ခံခဲ့ကြပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က သတင်းပေးပို့ထားပါတယ်။