နမ္မတူမြို့နယ်က စစ်ရေးတင်းမာမှုများ
2018.08.15
ရှမ်းပြည်နယ် နမ္မတူမြို့နယ် ပန်လုံကျေးရွာနဲ့မန်စံကျေးရွာ အနီးတဝိုက်မှာ အစိုးရတပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့TNLAတို့ကြား စစ်ရေးတင်းမာနေပြီး ပစ်ခတ်မှုတွေ ဖြစ်နေတာကြောင့် ဒေသခံတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံ နေရပါတယ်။ ပန်လုံကျေးရွာနဲ့မန်စံကျေးရွာတဝိုက်က စစ်ရေးအခြေအနေနဲ့ထွက်ပြေးနေရတဲ့ ဒေသခံတွေအကြောင်းကို RFA သတင်းထောက် ကိုကံသာက သတင်းပေးပို့ထားပါတယ်။