မစ္စယန်ဟီးလီနဲ့တွေ့ဆုံမှု- မဝေဖြိုးမြင့်
2017.07.10
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၁ ခုနဲ့ ဖွဲ့စည်းထားတဲ့ "ပုဒ်မ ၆၆-ဃ ဖျက်သိမ်းရေးနဲ့ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး" ပူးပေါင်းကော်မတီတို့ ရန်ကုန်မြို့က ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP ရုံးမှာ ဒီနေ့နေ့လည်ပိုင်း က တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံပွဲမှာပါဝင်တဲ့ ကော်မတီအဖွဲ့ဝင် မဝေဖြိုးမြင့်ကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။