တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲ

2021.02.11

ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးရှေ့မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ဒီကနေ့မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာသိမ်း အစိုးရရဲ့ လုပ်ရပ်တွေကို တရုတ်အစိုးရက ထောက်ပံ့ကူညီပေးနေတယ်လို့ ယူဆတာကြောင့် တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

တရုတ်အစိုးရဘက်ကတော့ မြန်မာစစ်တပ်အာဏာသိမ်းတာ သူတို့နဲ့ သက်ဆိုင်မှုမရှိဘူးလို့ ငြင်းထားတာပါ။ ဒီကနေ့ တရုတ်သံရုံးရှေ့က ဆန္ဒပြပွဲကို နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။