နေပြည်တော်က “တပ်မတော်နေ့”
2016.03.28
ဥပဒေ လေးစားလိုက်နာမှု အားနည်းတာနဲ့ လက်နက်ကိုင်သောင်းကျန်းမှုတွေဟာ ဗရမ်းဗတာဒီမိုကရေစီကို ဦးတည်သွားစေနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။ မနေ့က ကျရောက်တဲ့ ၇၁ နှစ်မြောက် ဖက်ဆစ် ဆန့်ကျင်ရေးနေ့ အခမ်းအနားကို "တပ်မတော်နေ့" အဖြစ် နေပြည်တော် စစ်ရေးပြကွင်းမှာ ကျင်းပရာမှာ အခုလို ပြောခဲ့တာပါ။ RFA သတင်းထောက် မဝေယံမိုးမြင့်က ကောက်နှုတ်တင်ပြထားပါတယ်။