ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံမေးမြန်းချက်
2015.09.04
လာမယ့်နိုဝင်ဘာလမှာ မြန်မာအစိုးရအနေနဲ့ UPR လို့ခေါ်တဲ့ လေးနှစ်တစ်ကြိမ် လူ့အခွင့်အရေး အခြေနေပြ အစီရင်ခံစာကို ကုလသမဂ္ဂကို တင်ပြရမှာဖြစ်ပါတယ်။ အစိုးရရဲ့ အစီရင်ခံစာအပေါ် အကြံပြုချက်တွေပေးနိုင်ဖို့ ညီမျှခြင်းမြန်မာ Equality Myanmar အဖွဲ့က ဦးဆောင်ပြီး ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ Best Western Chinatown Hotel မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာက လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး ညီမျှခြင်းမြန်မာအဖွဲ့ အမူဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။