ဗဟိုဘဏ်ရှေ့ဆန္ဒပြသူတွေကို အာဏာပိုင်တွေ တားမြစ်
2021.02.11
ဗဟိုဘဏ်ဝန်ထမ်းတွေကို ရုံးတက်ဖို့ ဖိအားပေးနေတယ်ဆိုတဲ့ သတင်းထွက် ပေါ်လာတဲ့အတွက် စစ်အာဏာရှင် အလိုမရှိတဲ့ ပြည်သူအယောက် ၁၀၀၀ လောက်ဟာ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှာရှိတဲ့ ဗဟိုဘဏ်ရှေ့မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဒီနေ့မနက်ပိုင်း ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြတဲ့သူတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ တားမြစ်တာကို လက်မခံခဲ့ပါဘူး။
လာရောက်တားမြစ်တဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေဟာ ကိုဗစ်ကာလမှာ လူစုလူဝေးမလုပ်ဖို့ ဗဟိုဘဏ်ဝန်ထမ်းတွေကို ရုံးမတက်ဖို့ ဆန္ဒပြတောင်းဆိုတာဟာ ဝတ္တရားနှောင့်ယှက်တာလို့ ပြောပါတယ်။