Gallup အဖွဲ့ရဲ့ မြန်မာ့နိုင်ငံရေးစစ်တမ်း
2015.12.04
မြန်မာနိုင်ငံမှာ လူတဦးချင်းစီ လွတ်လပ်မှုတွေ ရရှိလာတာနဲ့ ပတ်သက်ပြီး အားရကျေနပ်သူတွေ များလာတယ်လို့ နိုင်ငံတကာ စစ်တမ်းကောက်ယူတဲ့ Gallup အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံသားအများစုဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာမယ်လို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။ ဒီစစ်တမ်းနဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာ အလုပ်လုပ်နေကြသူတွေရဲ့ အမြင်တွေကို RFA သတင်းထောက် မသီရိမင်းဇင်က စုစည်းတင်ပြထားပါတယ်။