ကယားပြည်နယ်က ဗိုလ်ချုပ်ကြေးရုပ်ပြဿနာ
2019.05.17
ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ်တုကို နေရာပြောင်းရွှေ့ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ကို ကရင်နီပြည်လူငယ်တွေက အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ရုပ်ထုကို ပြောင်းရွှေ့ပေးဖို့မရှိကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောလိုက်ပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်ကို နေရာပြောင်းရွှေ့ပေးမှာ မဟုတ်တော့တဲ့အတွက် နောက်ထပ်ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနိုင်ပြီး အစိုးရနဲ့ လူငယ်တွေအကြား ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ ကရင်နီပြည်လူငယ်တွေက ပြောပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခက စုစည်းတင်ပြထားပါတယ်။