ကနေဒါနိုင်ငံခြားရေးဝန်ကြီး


2016.04.07

မြန်မာနိုင်ငံကိုရောက်နေတဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Stephane Dion နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ဧပြီလ ၇ ရက် ဒီကနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် အောင်မြင်အောင် ကူညီသွားမယ့်အပြင် မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေကို ပညာသင်ဆု ပေးသွားမယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။