တရားလွှတ်တော်ချုပ်နဲ့ ပြည်သူ့လွှတ်တော်
2017.05.22
တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေတာကို ပြန်ပြီးတည့်မတ်ပေးရေး အဆိုအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေဟာ တရားရုံးတွေကို မထေမဲ့မြင် ပြုရာရောက်တယ်လို့ ပြောခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီကနေ့ လာရောက် တောင်းပန်သွားပါတယ်။
RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။