ကလေးစစ်သား ကိုအောင်ကိုထွေးရဲ့ အကြောင်း
2017.08.10
မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ်လောက်ကနေ ၂၀၀၅ ခုနှစ်အထိကာလဟာ ကလေးစစ်သားစုဆောင်ခံရမှု အများဆုံးလို့ ပြောကြပါတယ်။ အခုအခါမှာတော့ တပ်မတော်က မိဘတွေထံ ပြန်အပ်နံှတဲ့ ကလေးစစ်သား အရေအတွက်ဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ၁၃ နှစ်တာ ကာလအတွင်း ၁၄၀၀ လောက် ရှိသွားပြီလို့ သိရပါတယ်။ ၂၀၀၅ ခုနှစ်လောက်က ရန်ကုန်ဘူနာကြီးမှာ ခရီးသွားပြီးပြန်အလာမှာ တပ်မတော်က ကလေးစစ်သားအဖြစ် စုဆောင်းသွားခဲ့တဲ့ ကိုအောင်ကိုထွေး အကြောင်းကို RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။