ဂန့်ဂေါမြို့နယ်က တောင်ယာ စိုက်ဒေသခံများ
2017.04.19
NLD ပါတီအစိုးရ တက်လာပြီးနောက် သစ်တောပြုန်းတီးမှုတွေကို ထိန်းချုပ်ဖို့ အတွက် ၂ဝ၁၆ နှစ်ဆန်းပိုင်းကစပြီး မကွေးတိုင်း ဂန်ဂေါမြို့နယ်မှာ ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်စိုက်ပျိုးနေတာတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ခဲ့ပါတယ်။ အဲဒီလိုကန့်သတ်လိုက်တဲ့အတွက် ရွှေ့ပြောင်းတောင်ယာ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းနေကြတဲ့ ဂန်ဂေါမြို့နယ်ထဲက ချင်းတိုင်းရင်းသား ကျေးရွာတွေက ဒေသခံတွေ စားဝတ်နေရေး အခက်အခဲ တွေ့နေပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထား ပါတယ်။