တရုတ်ကြွေးမြီထောင်ချောက်
2020.02.14
ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ ငွေကြေးလိုအပ်နေတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ချေးငွေအမြောက်အမြား ထုတ်ပေးနေပါတယ်။ နိုင်ငံတချို့မှာတော့ ဒီချေးငွေတွေကို ပြန်မဆပ်နိုင်တော့ဘဲ ဝန်ထုပ်ဝန်ပိုး ဖြစ်လာတဲ့အတွက် ဒါဟာ တရုတ်ရဲ့ အကြွေးထောင်ချောက်အဖြစ် စီးပွားရေးပညာရှင်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။
တရုတ်ရဲ့ BRI- ခေတ်သစ်ပိုးလမ်းမ စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ မြန်မာနိုင်ငံမှာရော ဒီကြွေးမြီထောင်ချောက်ထဲ ရောက်ဖို့ အခြေအနေ ရှိနေပြီလား...ဆိုတာကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။