တရုတ်နိုင်ငံသားပိုင်စက်ရုံနှစ်ရုံကိစ္စ ညှိနှိုင်းပေးမယ်လို့ ဝန်ကြီးချုပ် ကတိပေး
2019.07.15
တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ နှစ်ရုံက နစ်နာကြေးအပြည့်အဝမပေးဘဲ စက်ရုံပိတ်သိမ်းမယ်ဆိုပြီး ကြေညာလိုက်တာကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ဒီနေ့ တောင်းဆိုခဲ့တဲ့ စက်ရုံအလုပ်သမားတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တေ့ွဆုံပြီး မကြာခင်ရက်ပိုင်းအတွင်း နှစ်ဘက်တွေ့ဆုံညှိနှိုင်းပေးမယ်လို့ ကတိပေးလိုက်ပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။