ကရင်ပြည်နယ်က ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ
2017.11.10
ကရင်ပြည်နယ်အစိုးရ ခွင့်ပြုချက်နဲ့ ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်စီမံကိန်းကို ဒေသခံတွေ၊အရပ်ဖက်အဖွဲ့တွေက ကန့်ကွက်ကြပေမယ့် ပြည်နယ်လွှတ်တော် တာဝန်ရှိသူတွေကပါ ထောက်ခံနေကြပါတယ်။ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော် တာဝန်ရှိသူတွေနဲ့ ဒေသခံတချို့ရဲ့ သဘောထားကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။