၁၉၇၄ အလုပ်သမားအရေးအခင်း နှစ်ပတ်လည်
2016.06.07
ဦးနေဝင်းဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၄ ၊ ၁၉၇၅ နဲ့ ၁၉၇၆ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေက ဇွန်လ ၆ရက်နေ့က နှစ်ပတ်လည်အခမ်းတစ်ရပ် ကျင်းပလိုက်ပါတယ်။ အဲဒီအခမ်းအနားမှာ အန်အယ်လ်ဒီ အစိုးရကို ဝန်းရံသွားမယ့်အကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။