နယူးယောက်က ဆန္ဒပြပွဲ
2021.02.08
စစ်အာဏာသိမ်းခြင်းကို ကန့်ကွက်ရှုံချကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ကုလသမဂ္ဂရုံးမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းက အမေရိကန်ရောက် မြန်မာတွေစုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ သရုပ်ဆောင် အဆိုတော် ဥက္ကာမင်းမောင်က စစ်အစိုးရ ယန္တရားရပ်တန့်သွားအောင် အစိုးရဝန်ထမ်းတွေ ရုံးမသွားကြနဲ့ မြန်မာနိုင်ငံက ရုပ်ရှင်အနုပညာရှင်တွေလည်း ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ဆန္ဒပြကြဖို့ တိုက်တွန်းလိုက်ပါတယ်။