တရားရုံးများ လုံခြုံရေးတင်းကြပ်မှု
2017.10.19
အစိုးရသစ်လက်ထက် တရားစီရင်ရေးမဏ္ဍိုင်အားကောင်းဖို့ တရားရုံးတိုင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေချိန်မှာ မန္တလေးမြို့ တရားရုံးအဝင်အထွက်တွေကို လုံခြုံရေးတင်းကြပ်လိုက်တာဟာ ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ရေးကို ထိခိုက်လာနိုင်တယ်လို့ တရားရုံးတွေကို အမြဲဝင်ထွက် သွားလာနေသူတွေက ဝေဖန်နေကြပါတယ်။ RFA သတင်းထောက် ကိုဆက်ပိုင်တိုး က တင်ပြထားပါတယ်။