တကသ ကျောင်းသားခေါင်းဆောင်များရုံးချိန်း


2015.09.02

လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေ မရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ရန်ကုန်ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီကနေ့ ၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။ အဲဒီကျောင်းသားတွေက Failed Law စာတမ်းပါအင်္ကျီတွေ ဝတ်ဆင်ခဲ့တဲ့အတွက် တရားရုံးအပြန်မှာ ရဲတပ်ဖွဲ့ဝင်တွေ နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။