လွှတ်တော်က ဖြတ်တောက်လိုက်တဲ့ အစိုးရဘတ်ဂျက်
2017.11.10
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၂၀၁၇-၁၈ ထပ်တိုးဘတ်ဂျက် စုစုပေါင်း ငွေကျပ် ၂၅၄၄ ဘီလီယံ တောင်းခံထားတဲ့အထဲက ငွေကျပ် ဘီလီယံ ၇ဝ ကျော်ကို ၂ဝ၁၇ နိုဝင်ဘာလ ၁ဝ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဖြတ်တောက်လိုက်ပါတယ်။ ဘတ်ဂျတ် ဖြတ်တောက်ခံရတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက အများဆုံးဖြစ်ပြီး ပြည်ထဲရေးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေလည်း ဘတ်ဂျတ် ဖြတ်တောက်ခံရတဲ့အထဲမှာ ပါဝင်ပါတယ်။
အပြည့်အစုံကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က တင်ပြထားပါတယ်။