ဒေါ်အောင်ဆန်းစုကြည် မှော်ဘီ-တိုက်ကြီးမဲဆွယ်ပွဲ


2015.10.13

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁ဝ ရက်၊ စနေနေ့က ရန်ကုန်တိုင်း မှော်ဘီနဲ့ တိုက်ကြီးမြို့နယ်မှာ မဲဆွယ် စည်းရုံးဟောပြောခဲ့ပါတယ်။ အောက်တိုဘာလ ၁၁ ရက်၊ တနင်္ဂနွေနေ့မှာ လှည်းကူးမြို့နယ်အတွင်းက ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းရှိတဲ့ ဖောင်ကြီး- ရဲမွန်ရွာသစ်၊ ရဲမွန်တပ်မြို့နဲ့ လှည်းကူးမြို့တွေမှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက ကောက်နှုတ် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။