ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ (တာချီလိတ်)
2015.10.22
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၂၁ ရက်၊ ဒီကနေ့ မနက် ၁၁ နာရီက တာချီလိတ်မြို့ကို ရောက်ရှိပြီး နေ့လည် ၃ နာရီမှာ ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။ ဒီဟောပြောပွဲမှာ နိုင်ငံခြားရောက် မြန်မာတွေရဲ့ဘဝ၊ အသက်မွေး ဝမ်းကြောင်းပညာ အရေးကြီးပုံ၊ မြန်မာလူထုရဲ့ အားနည်းချက်နဲ့ ရွေးကောက်ပွဲ အရေးကြီးပုံတွေကို ဟောပြောခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။