ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းမီဒီယာ တွေ့ဆုံပွဲ
2016.02.03
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာဖေဖော်ဝါရီလ ၃ ရက်နေ့ ဒီကနေ့ညနေပိုင်းက သတင်းမီဒီယာသမားတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အတွက် ဥက္ကဋ္ဌတွေ ဒု-ဥက္ကဋ္ဌတွေ ရွေးချယ်တင်မြှောက်ရာမှာ အဆင်ပြေ ချောမွေ့ခဲ့တဲ့အတွက် ပါတီအားလုံးကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။