ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ
2017.07.06
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၆ရက်နေ့က နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Borge Brende နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲဟာ တခြားကိစ္စတွေအတွက် မဟုတ်ဘဲ နော်ဝေနဲ့မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စအတွက်သာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပေမယ့်၊ သတင်းထောက် ၃ ဦး ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ မေးခွန်းကိုတော့ ဖြေကြားခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။