မြန်မာ့သစ်တောပြုန်းတီးမှု- အပိုင်း ၄
2017.06.30
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့အစိုးရ တက်လာပြီးနောက် တရားမဝင် သစ်ခိုးထုတ်နေတာတွေကို ဖမ်းဆီးတာတွေ အရင်ကထက် ပိုပြီး လုပ်ဆောင်လာသလို၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ဖမ်းဆီးတာတွေလည်း ရှိလာနေပါတယ်။ မကွေးတိုင်းမှာ တနှစ်ကျော်ကာလအတွင်း တရားမဝင်သစ်တန်ချိန် ၂ ထောင်ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။ မဖမ်းဆီးနိုင်ဘဲ လွတ်မြောက်နေတဲ့ သစ်ခိုးထုတ်မှုတွေ လည်း ရှိနေဆဲ ဖြစ်ပါတယ်။ မကွေးတိုင်းအတွင်း သစ်ခိုးထုတ်မှုတွေ ဘာကြောင့် မပပျောက်သေးသလဲ ဆိုတာကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။