ကိုနန္ဒစစ်အောင်နဲ့ မဖြိုးဖြိုးအောင် ရုံးထုတ်
2016.02.03
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဗကသအဖွဲ့ဝင် ကိုနန္ဒစစ်အောင်နဲ့ မဖြိုးဖြိုးအောင်တို့ကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ရှစ်လေးလုံး ၂၆ နှစ်ပြည့် နှစ်ပတ်လည်မှာ ချီတက်လမ်းလျှောက်ခဲ့တဲ့ ဒေါ်နော်အုံးလှ၊ ကိုတင်ထွဋ်ပိုင်နဲ့ ဦးမိုးသူတို့ကိုလည်း ရုံးထုတ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။