တကသ ခေါင်းဆောင် ၂ ဦးကို ရုံးထုတ်
2015.07.16
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ရတနာပုံတက္ကသိုလ်မှာ အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြတဲ့ ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဉာဏ်လင်းထက် တို့ကို ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၁၄၃၊ ၁၄၇တို့နဲ့ အမရပူရ မြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ တချိန်ထဲမှာလည်း လွှတ်တော်ထဲက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ တကသ ကျောင်းသား ခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ဒီနေ့ ပန်းဘဲတန်းနဲ့ ကျောက်တံတားမြို့နယ် တရားရုံးတွေမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။