ဒေါက်တာညိုညိုသင်း မဲဆွယ်စည်းရုံးရေး
2015.09.09
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်ညိုညိုသင်းဟာ ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံးခန်းကို ဗဟန်းမြို့နယ်မှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။ RFA သတင်းထောက် မမိုးကလျာ ဦးက တင်ပြထားပါတယ်။