ရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်း
2015.11.10
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ နိုဝင်ဘာလ ၁ဝ ရက်နေ့ ညနေပိုင်းက နေပြည်တော်က သတင်းမီဒီယာ စင်တာမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ လားရှိုးမြို့နယ်က ကြိုတင်မဲကိစ္စတွေကို သတင်းမီဒီယာသမား ၂ ဦးက မေးမြန်းရာမှာ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြန်လည်ဖြေကြားခဲ့ပေမယ့် စိတ်ဆိုးပြီး သတင်းစာရှင်းလင်းပွဲကို ရပ်နားလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက ကောက်နှုတ်တင်ပြထားပါတယ်။