ကျောင်းပြောင်းအပ်နှံသူတွေရဲ့ အခက်အခဲ
2017.06.02
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်-၅ အထက်တန်းကျောင်းခွဲကို ကျောင်းပြောင်းအပ်နှံရာမှာ လက်မခံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတွေက မြို့နယ်ပညာရေးမှူးကို တိုင်ကြားထားပါတယ်။ အခုနှစ်မှာ ကျောင်းအပ်သူများတဲ့အတွက် ကျောင်းသားအားလုံးလက်ခံဖို့ နေရာအခက်အခဲ ရှိနေတာကြောင့် သတ်မှတ်ထားတဲ့စည်းကမ်းနဲ့ ညီညွတ်သူတွေကိုသာ လက်ခံရတာလို့ အထက်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။