လူမျိုးရေးခွဲခြားမှုများကင်းစင်ရေးနေ့
2016.03.21
အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှုများ ကင်းစင်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်လျားလိတ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေက သူတို့တွေ့ကြုံခဲ့ရတဲ့ ခွဲခြားဆက်ဆံမှု အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။