အမေရိကန်သံရုံးရှေ့ ဆန္ဒပြသူများအမှု
2017.05.13
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅-ခ နဲ့ တရားစွဲဆိုထားတဲ့ ဦးဝင်းကိုကိုလတ်၊ ဦးနိုင်ဝင်းထွန်း၊ ဦးသက်မျိုးဦးနဲ့ ကိုနေဝင်းအောင်တို့ ၄ ဦးအမှုအတွက် ဒီကနေ့ အာမခံ တင်သွင်းရာမှာ ကမာရွတ်မြို့နယ် တရားရုံးက အာမခံ မပေးဘဲ ပယ်ချလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။