ကျောက်မျက်ရန်ပုံငွေပျောက်ဆုံးမှု ရှင်းလင်းပွဲများ
2016.06.03
သမ္မတဦးသိန်းစိန်လက်ထက်က ကျောက်မျက် လုပ်ငန်းရှင်တွေဆီကနေ ကောက်ယူထားတဲ့ ရန်ပုံငွေထဲက ယူရိုငွေ ၉၃ သန်း ပျောက်ဆုံးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင် က နေပြည်တော်မှာ ဒီကနေ့ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ပြီး ငြင်းဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ယူရိုငွေ ၉၃ သန်း အလွဲသုံးစားလုပ်သူတွေကို အရေးယူပေးဖို့ တိုင်ကြားထားတဲ့ ကျောက်မျက် လုပ်ငန်းရှင်တွေကလည်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က ကောက်နှုတ်တင်ပြထားပါတယ်။