၆ ကြိမ်မြောက် Failed Law လှုပ်ရှားမှု
2015.09.05
ရွှေပြည်သာမြို့နယ် အလုပ်သမား သပိတ်ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင် တို့ကို တောင်ဥက္ကလာပမြို့နယ်တရားမှာ စက်တင်ဘာလ ၄ ရက်နေ့က ရုံးထုတ်ရာမှာ.. တကသ ကျောင်းသားတွေက Failed Law စာတန်းပါ အင်္ကျီတွေကို ဝတ်ဆင်ပြီး မတရားတဲ့ ဥပဒေကို ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။ ဒီလှုပ်ရှားမှုဟာ ၆ ကြိမ်မြောက်လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။ RFA သတင်းထောက် ကိုအောင်မင်းထိုက်က တင်ပြပေးထားပါတယ်။