ရှမ်းပြည်နယ်က လယ်သိမ်းခံလယ်သမား
2015.05.22
ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကွန်လုံကျေးရွာအုပ်စုက လယ်မြေဧက ၅ ထောင်ကျော်ကို စစ်တပ်က သိမ်းဆည်းပြီး စစ်တန်းလျားဆောက်လုပ်ဖို့ စီစဉ်နေတဲ့အပေါ် မကျေနပ်တဲ့အတွက် လယ်ယာမြေဆုံးရှုံးခဲ့တဲ့ ယာပိုင်ရှင်တစ်ဦးက ဒီနေ့မနက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့ပါတယ်။ မဝေယံမိုးမြင့်က တင်ပြထားပါတယ်။