သဘောၤနစ်


2015.03.17

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက နစ်မြုပ်ခဲ့တဲ့ အောင်တံခွန်ရေယာဉ်က လူ ၂ဝ ရဲ့အလောင်းတွေကို မတ်လ ၁၆ ရက်နေ့က နောက်ထပ် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရေယာဉ်ရဲ့ဘယ်ဘက်ခြမ်းဟာ ကြမ်းပြင်နဲ့ထိ ပြီး နစ်မြုပ်နေတာကြောင့် ယာဘက်ခြမ်း အခန်းအချို့က အလောင်းတွေကိုသာ ဆယ်ထုတ်နိုင်ပြီး ဘယ်ဘက် ခြမ်းမှာရှိတဲ့ အခန်းထဲက အလောင်းတွေကိုတော့ ဆယ်ယူဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ အခန်းတွေထဲမှာ ပိတ်မိနေတဲ့ အလောင်း ၃ဝ နီးပါး ရှိနေသေးတယ်လို့ သိရပါတယ်။ တောင်ကုတ်မြို့ကနေ စစ်တွေမြို့ကို ထွက်ခွာလာတဲ့ အောင်တံခွန်အမှတ်(၃) ရေယာဉ် ဟာ မြေပုံမြို့နယ် နောင်တော်မြစ်အတွင်းမှာ ၂ဝ၁၅ မတ်လ ၁၃ ရက် နေ့ညက နစ်မြုပ်သွားတာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ လူ ၂ ရာကျော်ထဲက လူ ၁၇ဝ လောက် ကို ကယ်တင်နိုင်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့အထိ သေဆုံးသူ ၅၆ ဦးရဲ့ ရုပ်အလောင်းတွေကို ရရှိထားပြီ ဖြစ်ပါတယ်။ RFA သတင်းထောက် မပြုံးမို့မို့ဇင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။