ရခိုင်ပဋိပက္ခနဲ့ စစ်တွေတံငါရွာများ
2017.11.07
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးပဋိပက္ခတွေ ကြောင့် ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ဒီနေ့အချိန်အထိ ယုံကြည်မှု ကင်းမဲ့နေကြဆဲ ဖြစ်ပါတယ်။ အကျိုးဆက်တစ်ခုအဖြစ်… တံငါလုပ်ငန်းကို ဘိုးစဉ်ဘောင်ဆက် ရွာလုံးကျွတ် လုပ်ကိုင်ခဲ့ကြတဲ့ စစ်တွေမြို့နယ်က ကျေးရွာတချို့မှာ ငါးဖမ်းလုပ်ငန်းကို တဖြည်းဖြည်း စွန့်လွှတ်လာကြတာ တွေ့ရပါတယ်။
RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။