သံရုံးရှေ့ဆန္ဒပြသူလေးဦး ရုံးထုတ်
2017.06.01
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ အမျိုးသားရေး လှုပ်ရှားသူဆိုသူ ၄ ဦးကို ကမာရွတ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။ ရုံးထုတ်စဉ်မှာ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေက သူတို့ ၄ ဦးကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုထက်အာကာ သတင်းပေးပို့ထားပါတယ်။