မိုးညှင်းမြို့နယ်က ရွှေတူးဖော်ရေးလုပ်ငန်းများ
2016.03.08
မြန်မာနိုင်ငံမြောက်ဖျားက ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းမှာ ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းကစပြီး ရွှေတူးဖော်ရေး လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ များပြားလာပါတယ်။ အဲဒီနယ်မြေက ရွှေလုပ်ငန်းအကြောင်း ရွှေလုပ်သားတွေအကြောင်း၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေ အကြောင်း... RFA က လေ့လာမှတ်တမ်းတင်ထားတာတွေကို အပိုင်းလိုက် တင်ပြပေးသွားပါမယ်။ ပထမဆုံးအနေနဲ့ မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာတဝိုက်က ရွှေတူးဖော်ရေးလုပ်ငန်းတွေ အကြောင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။