အစိုးရဆန့်ကျင်ရေး ဦးဆောင်သူများ ရုံးထုတ်


2017.08.10

မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို ဦးဆောင်ခဲ့တဲ့ သံဃာ ၆ ပါးနဲ့ လူပုဂ္ဂိုလ် တဦးကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ သူတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅- ခ နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး တိန်းရှောင်နေတဲ့ သံဃာ ၂ ပါးနဲ့ လူပုဂ္ဂိုလ် ၄ ဦးကို ဆက်လက် ရှာဖွေဖမ်းဆီးဖို့ကိုလည်း တရားရုံးက အမိန့်ချမှတ် ခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA သတင်းထောက် မသက်စုအောင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။