အမုန်းစကားကြောင့် ထိခိုက်မှုများ


2019.07.21

 

အမုန်းစကားပြန့်ပွားမှုတွေကြောင့် မြန်မာနိုင်ငံက မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား မကျေနပ်မှုတွေ တိုးပွားလာနေတယ်လို့ အမေရိကန်မှာကျင်းပတဲ့ ဘာသာရေးလွတ်လပ်ခွင့်ညီလာခံကို တက်ရောက်လာသူ သီလရှင် ဒေါ်ကေတုမာလာက ပြောပါတယ်။ သူဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကျင်းပတဲ့ ဘာသာရေးလွတ်လပ်ခွင့်ညီလာခံကို သီလရှင်တစ်ပါးအနေနဲ့ မြန်မာနိုင်ငံက ပထမဆုံးတက်ခွင့်ရသူလည်းဖြစ်ပြီး ပြည်ပနိုင်ငံတွေမှာ ဗုဒ္ဓဘာသာ လူငယ်အစည်းအဝေးတွေကို တာဝန်ခံကျင်းပပေးနေသူလည်းဖြစ်ပါတယ်။

ဒေါ်ကေတုမာလာကို RFA ဝိုင်းတော်သား ကိုကျော်အောင်လွင် တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။