ဟင်္သာတ မြို့ကွင်းတံတား ပျက်ဆီးမှု
2015.11.20
ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်နဲ့ အင်္ဂပူမြို့နယ်ကြားက မြို့ကွင်းရထားတံတားဟာ နှစ်ပေါင်းတရာကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။ အဲဒီတံတားဟာ သံဘောင်၊ ပျဉ်ခင်းတံတားဖြစ်ပြီး အစိုးရအဆက်ဆက် ပြုပြင်မှု နည်းပါးခဲ့တဲ့အတွက် ပျက်စီးယိုယွင်းနေပါတယ်။ ဒီတံတားကို အသုံးပြုပြီး အင်္ဂပူမြို့ပေါ်ကို နေ့စဉ်သွားလာနေသူတွေ အခက်အခဲ တွေ့နေရပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။