ငွေတံဆိပ်ဆုရ မြန်မာ U 23 အိမ်ပြန်ခရီး
2015.06.18
စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ U-23 မြန်မာဘောလုံးအသင်းဟာ ဒီနေ့ညနေ ၃ နာရီခွဲလောက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ ကြပါတယ်။ U-23 ဘောလုံးအသင်းကို ရန်ကုန်မြို့က ဘောလုံးပရိသတ်တွေ အပြင်၊ အားကစားဝန်ကြီးဌာနနဲ့ အစိုးရတာဝန်ရှိသူတွေ၊ စစ်တပ်အရာရှိတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အနုပညာရှင်တွေက ကြိုဆိုခဲ့ကြတဲ့ အကြောင်းကို RFA သတင်းထောက် မသီရိမင်းဇင်က သတင်းပေးပို့ထားပါတယ်။