ကျောက်မဲ၊ သီပေါနဲ့ နမ္မတူမြို့တွေမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ထိရှိလာ
2019.02.17
ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နဲ့သီပေါမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
နမ္မတူမြို့နယ်အတွင်းမှာလည်း RCSS တပ်ဖွဲ့တွေနဲ့TNLA/SSPP ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲကြောင့် ဒေသခံ တွေနေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ဒီနေ့အထိ ကျောက်မဲ၊ သီပေါနဲ့နမ္မတူမြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်လောက်ရှိနေပြီး ဒီနေ့အချိန်ထိ စစ်ရေးအခြေအနေတင်းမာနေဆဲ ဖြစ်ပါတယ်။
RFA သတင်းထောက် ကိုကံသာက ကျောက်မဲမြို့ကနေ သတင်းပေးပို့ထားပါတယ်။