သူနာပြုလိုင်စင်ကန့်သတ်ချက်
2017.03.10
ပြည်သူ့ဆေးရုံတွေမှာ ၃ နှစ် တာဝန်ထမ်းဆောင်ပြီးမှ သူနာပြုလိုင်စင် ထုတ်ပေးမယ်ဆိုပြီး ပြောင်းလဲလိုက်တဲ့စနစ်ဟာ သူနာပြုတွေအတွက် ထိခိုက်နစ်နာနေတဲ့ အတွက် ဒီစနစ်ကိုပြန်ရုတ်သိမ်းပေးဖို့ သူနာပြုတက္ကသိုလ် ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။ မန္တလေး သူနာပြုတက္ကသိုလ် ကျောင်းဆင်း ကိုအောင်ချမ်းပြည့်ကို RFA သတင်းထောက် ကိုသန့်ဇင်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။