ရွေးကောက်ပွဲကော်မရှင် ဦးတင်ထွန်းနဲ့ တွေ့ဆုံခြင်း
2017.03.08
ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်ဝင်စားမှုနည်းနေတဲ့ အတွက် အသိပညာပေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်သွားမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းကို RFA သတင်းထောက် ကိုကျော်သူ က တွေ့ဆုံမေးမြန်းထားပါတယ်။