ယနေ့နိုင်ငံရေးနှင့် သံဃာတော်များရဲ့ အမြင်
2015.11.07
မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ သာသနာရေးမှာ မန္တလေး သံဃာတော်များရဲ့ သြဇာအရှိန်အဝါက ကြီမားလှပါတယ်။ အခုနှစ်ပိုင်းတွေအတွင်း နိုင်ငံတကာ သတင်းမီဒီယာ အတော်များများမှာ ရေပန်းစားနေတဲ့ မန္တလေးသံဃာတော်တပါးကတော့... မစိုးရိမ်တိုက်သစ်က ဆရာတော် အရှင်ဝီရသူ ဖြစ်ပါတယ်။ သူ့ရဲ့ ဟောပြောမိန့်ကြားချက်တွေဟာ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်နဲ့ ဆန့်ကျင်နေတယ်လို့ ဆရာတော်တချို့က ဆိုပါတယ်။ ဒီအတွက် အရှင်ဝီရသူ အပါအဝင် နာမည်ကျော်ကြားတဲ့ မန္တလေးက ဆရာတော်များရဲ့ ဘာသာရေးနဲ့ နိုင်ငံရေး အယူအဆ သြဝါဒတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုးက အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ မန္တလေးမြို့ကို သွားရောက်လျှောက်ထား ရယူခဲ့ပါတယ်။ ဆရာတော်များစွာရှိတဲ့အနက် အချိန်တိုအတွင်း ဖူးမျှော်ခွင့်ရခဲ့တဲ့ ဆရာတော် ၇ ပါးရဲ့ သဘောထားတွေကို RFA က အပိုင်းသုံးပိုင်းခွဲပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။