NLD ဦးဉာဏ်ဝင်းနဲ့ တွေ့ ဆုံမေးမြန်းချက်
2017.07.18
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ Protocol အရ ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲ ရှိတယ်ဆိုပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောခဲ့တာဟာ ဥပဒေအရ မမှားပေမယ့်၊ အချိန်အခါအရ မပြောသင့်တဲ့အချိန် ဖြစ်နေတဲ့အတွက် ပါတီက ညွှန်ကြားချက်ထုတ်ပြန်ပြီး သတိပေးလိုက်တာလို့ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဦးဉာဏ်ဝင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခက တွေ့ဆုံမေးမြန်း ထားပါတယ်။