ဦးသိန်းညွန့်နှင့်တွေ့ဆုံခြင်း
2015.08.11
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီပါတီသစ်ကနေ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို ဒီနေ့ပါတီက ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာပဲ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ဝ နီးပါးနဲ့ ဝင်ရောက် ယှဉ်ပြိုင်အရွေးခံ မှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွှန့်ကို RFA သတင်းထောက် မဝေမာထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။